မေးလွန်းအားကြီးလို့ ပြန်ရေးပေးလိုက်တာပါ..။

ကျွန်တော့်ကိုလာလာမေးကြတယ်။ Gmail ကို ဘယ်လိုဖေါက်ရမလဲတဲ့။ ဘာလုပ်ဖို့လဲ
ပြန်မေးတော့ မဖြေနိုင်ကြဘူး။ ဆိုင်မှာလာသုံးတဲ့ ကောင်လေးတွေက
ပြောကြပြန်တယ်။ ကိုယ်ဖေါက်ချင်တဲ့သူရဲ့ မေးလ်အကောင့် ၅ ခုလောက်သိရင်
ဖေါက်လို့ ရတယ်တဲ့။ ကျွန်တော်တော့မဆိုင်ဘူးလို့ထင်ပါတယ်။ ကျွန်တော့်
အမြင်ပါ။

ကျွန်တော်တစ်ခုတော့ပြောချင်ပါတယ် မလုပ်ကြပါနဲ့လို့၊
ရချင်လည်းရနိုင်ပါတယ်။ မရဘူး လို့ ကျွန်တော်မပြောပါဘူး။
ဖေါက်လို့ရနိုင်တဲ့ Softwares တွေလည်းရှိတယ်ဗျာ။ ရှယ်တွေ ချည်းပဲရှိတယ်
(ရေးတဲ့လူတွေပြောတာပဲ)။ ကျွန်တော်လည်း လိုက်ရှာခဲ့ဖူးပါ တယ်။ အချိန်
တော်တော်ပေးရပါတယ်။
Software တစ်ခုတော့ရခဲ့ပါရဲ့ဗျာ။ ကိုယ့်ရဲ့ Mail Password ကို
ရင်ပေးရတယ်။ သူက ဘယ်လိုလုပ်မလဲဆိုတော့ ကိုယ့်မေးလ်ထဲကိုအရင်ဝင်၊ ပြီးမှ
Google ရဲ့ကိုယ်ဖေါက် ချင်တဲ့ မေးလ်ကို ဖေါက်လို့ရပါမယ်တဲ့
ပြောထားကြပုံကတော့ဗျာ (မောင်ပိုင်တွေချည်းပဲ)၊ အဲဒီကတည်းက ကျွန်တော်
မယုံတော့ဘူး။ ဒါပေမဲ့ ကျွန်တော်စမ်းကြည့်တယ်။ ကျွန်တော်
ကလိချင်တိုင်းကလိလို့ရအောင်လို့ အကောင့်တစ်ခု လုပ်ထားတာရှိသေးတယ်။ အဲဒီ
အကောင့်နဲ့ စမ်းကြည့်ပါတယ်။ ဘယ်လိုစမ်းလဲသိလား၊ ကျွန်တော်ရဲ့ mail ကို
လှမ်းဖေါက်ပါတယ်။
ဘာဖြစ်လာလဲဆိုတော့ အဲဒီအကောင့်ကမရှိပါဘူးတဲ့ဗျာ။ ကိုင်း သေပြီဆရာပဲ။
နောက်ထပ် သူငယ်ချင်းအကောင့်တစ်ခုကို ထပ်စမ်းတယ်။ အဲဒီအကောင့်လည်း
မရှိပါတဲ့ ခင်ဗျာ။ ကျွန်တော့်မှာ အရူးလုပ်ခံလိုက်ရတယ်။ (အဲ့လေ
အရူးဖြစ်အောင် လှည့်စားတာ ခံလိုက်ရတယ်။) စမ်းကြည့်တဲ့
မေးလ်အကောင့်ကိုလည်း Password ပြန်ပြောင်း လိုက်ရတယ်လေ။ ကျွန်တော်က
ဆိုင်တစ်ဆိုင်ထဲမှာပဲ ထိုင်ဖေါက်နေလို့လည်း မရတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့
ကျွန်တော့် သူငယ်ချင်းကတော့ နိုင်ငံခြားမှာပါ။ သူ့ကိုပြော ပြီးတော့မှ
ကျွန်တော်စမ်းကြည့်တာပါ။ မရပါဘူး။
Google ကတော့ သူ့ရဲ့ ဖေါက်သည်တွေအကောင့်ကို လွယ်လွယ်နဲ့ Hacking လုပ်တာ
ခံမယ်မထင်ပါဘူး။ နောက်ကျွန်တော်တွေးကြည့်တယ်။
ဘာလုပ်မှာလဲဗျာ။ အလကားကိုယ့်အချိန်တွေကို သူများကိုဒုက္ခပေးဖို့
သုံးနေသလိုပါပဲ။ အဲ့တစ်ခုတော့ ရှိတာပေါ့ဗျာ အသိလေးတော့ရခဲ့တာပေါ့။
ကျွန်တော်လည်း Hacking ကိုစိတ်ဝင်စားပါတယ်။ ဒါပေမဲ့ Hacking Softwares
တွေတော့မဟုတ်ဖူး။ Hacking သပ်သပ်ကိုစိတ်ဝင်စားတာပါ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆရာပြောပြောနေသလိုပေါ့ဗျာ။
Softwares စွမ်းတာ လူစွမ်းတာမဟုတ်ဖူး တဲ့လေ။ ကျွန်တော်ပြောချင်တာကတော့
လုပ်တတ်တဲ့၊ လုပ်လို့ရတဲ့နည်းကိုသိတဲ့ သူတွေလည်း ရှိမှာပါ။ ဒါပေမဲ့
မလုပ်ကြပါနဲ့လို့ တောင်းဆိုချင် တာပါ။
သဘောပေါက်နိုင်ကြပါစေလို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။