Monday, June 18, 2012

ယုဇန ဥယျာဉ်မြို့တော်သို့ ၅၇ အထူးယာဉ် လိုင်းအသစ် ပြေးဆွဲ သွားမည်

မော်တင် ယုဇန ဥယျာဉ် မြို့တော်သို့ ပြေးဆွဲနေတဲ့ ၂၃၂ ယာဉ်လိုင်းဟာ အကြောင်း အမျိုးမျိုးကြောင့် ပြေးဆွဲမှု ရပ်နားလိုက် ရပေမယ့် အဆိုပါ ယာဉ်လိုင်း
နေရာမှာ
၃၉ ယာဉ်လိုင်း အချို့ကို အစားထိုး ပြေးဆွဲနေတာ ဖြစ်ပြီး လာမယ့် ဇွန်လ အပတ် မှာလည်း ၅၇ အထူး ယာဉ်လိုင်းကို ထပ်မံ တိုးချဲ့ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်လိုင်းဟာ ယာဉ်အို၊ ယာဉ်ဟောင်း အပ်ပြီးတော့ တင်သွင်းလာတဲ့ ယာဉ်အသစ် တွေဖြစ်တဲ့ ၅၇ အထူး ယာဉ်လိုင်းဟာ ခရီးသွား ပြည်သူများ အဖြေစေဖို့ အတွက် ဆူးလေမှ ယုဇန ဥယျာဉ်မြို့တော် အထိ လမ်းကြောင်း တိုးချဲ့ပြေးဆွဲ သွားမှာ ဖြစ်ပြီး မူလ မှာလည်း ၃၉ ယာဉ် လိုင်းများ၊ ၃၂ ယာဉ်လိုင်း တွေလည်း ပြေးဆွဲပေး နေတာ ဖြစ်တယ်လို့ မ.ထ.သ ဗဟိုမှ တာဝန်ရှိ သူရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ၅၇ အထူး ယာဉ်လိုင်းက ဆီရရင် နောင်အပတ် ထဲမှာ ပြေးဆွဲသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ အတွင်း မှာရှိတဲ့ ခုံးကျော် တံတား ဆောက်လုပ် နေတဲ့ နေရာတွေ ဖြစ်တဲ့ ဘုရင့်နောင် ခုံးကျော် တံတား ဆောက်လုပ်မယ့် နေရာမှာ တံတား ဆောက်လုပ်မှု စရင်တော့ Bus ကားများ အကြပ်အတည်း မဖြစ်အောင် လမ်းကြောင်း ပြောင်းရွှေ့ ပေးသွား မှာဖြစ်ပြီး ယခု လောလောဆယ် မှာတော့ ယခင် သွားနေတဲ့ လမ်းကြောင်း အတိုင်းသာ ဆက်လက် သွားနေမှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

Post a Comment