Thursday, June 28, 2012

ထိန်းသိမ်းသင့်သောအရာ


တစ်ခါတုန်းက အရမ်းဒေါသထွက်လွယ်တဲ့ကောင်လေးတစ်ယောက်ရှိတယ် ။ သူ့အဖေက သူ့ကို တူတစ်ချောင်းနဲ့ သံတွေထည့်ထားတဲ့အိတ်တစ်အိတ်ပေးပြီး ပြောတယ် ။ “ သား မင်း ဒေါသထွက်လာတဲ့အခါ မင်းကိုယ်မင်း မထိမ်းနိုင်တဲ့အခါမျိုးမှာ အိမ်ဘေးက ခြံစည်းရိုးမှာ သံတစ်ချောင်းသွားရိုက်ပါ ”
ပထမရက်မှာ ကောင်လေးဟာ ခြံစည်းရိုးမှာ သံ ၃၇ ချောင်းရိုက်ခဲ့တယ် ။ ဒီလိုနဲ့ နောက်
တစ်ပတ်လောက်မှာ သူဟာ သူ့ဒေါသကို တဖြည်းဖြည်း ဘယ်လိုထိမ်းရမယ်ဆိုတာ သိလာခဲ့တယ် ။ တဖြည်းဖြည်း ခြံစည်းရိုးမှာ ရိုက်ရတဲ့ သံချောင်းအရေအတွက်ကလည်း နည်းလာခဲ့တယ် ။ ကောင်လေးဟာ တဖြည်းဖြည်းနဲ့ ခြံစည်းရိုးကို သံချောင်းတွေရိုက်ရတာထက် သူ့ဒေါသကို ထိမ်းရတာ ပိုလွယ်ကြောင်းသိလာခဲ့တယ် ။ နောက်ဆုံးမှာတော့ ခြံစည်းရိုးမှာ သံတစ်ချောင်းမှ မရိုက်တဲ့နေ့ ၊ သူဒေါသလုံးဝမထွက်တဲ့နေ့ ရောက်လာခဲ့တယ် ။ သူဟာ အဲဒီအကြောင်း သူ့အဖေကိုပြောခဲ့တယ် ။ အဲဒီအခါ ကောင်လေးရဲ့အဖေက ကောင်လေးကို ခြံစည်းရိုးနားခေါ်သွားပြီး တစ်နေ့ခြင်းစီမှာ သူရိုက်ခဲ့တဲ့သံတွေကို ပြန်နှုတ်စေခဲ့တယ် ။ ဒီလိုနဲ့နောက်ဆုံးမှာတော့ ကောင်လေးက သံတွေ အကုန်နှုတ်ပြီးပြီဖြစ်တဲ့အကြောင်း သူ့ဖခင်ကို ပြောခဲ့တယ် ။ အဲဒီအခါ သူ့ဖခင်က ကောင်လေးကို တဖန်ခြံစည်းရိုးနားခေါ်သွားပြီးပြောခဲ့တယ် ။
“ ငါ့သား မင်းကောင်းစွာလုပ်နိုင်ခဲ့တာပဲ ကဲ အခု ခြံစည်ရိုးတိုင်တွေကိုကြည့်လိုက်ပါဦး အရင်ခြံစည်းရိုးမဖြစ်နိုင်တော့ဘူးသား သံစိုက်ခဲ့တဲ့အရာတွေက မင်းရဲ့ဒေါသတစ်ခုဖြစ်ခဲ့မယ်ဆိုရင် မင်းဟာ ဒေါသတစ်ခါဖြစ်တိုင်း လူတစ်ဦးအပေါ်မှာ ဒီလို ဒါဏ်ရာ အမာရွတ်တွေရစေမှာအမှန်ပဲ ”
########################
သင်ဟာ ဓါးတစ်လက်နဲ့ လူတစ်ဦးကိုထိုးလိုက်တယ်ဆိုပါစို့ ။ ဘယ်လောက်ပဲ အကြိမ်ပေါင်းများစွာ မှားပါတယ်လို့ တောင်းပန်လဲ သူ့ဆီမှာ ဒါဏ်ရာကတော့ရသွားခဲ့ပါပြီ ။
သင် တောင်းပန်ပါတယ်လို့ နောက်တစ်ကြိမ် လူတစ်ဦးကို မပြောရသေးခင် သင့်ရဲ့ ဒေါသတွေကို အရင်ထိမ်းချုပ်လိုက်ပါ ။
ကျွန်တော်တို့ ဒေါသတစ်ခါထွက်ပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ၊ မိဘ ဆွေမျိုးတွေအပေါ်မှာ ပြုမူလိုက်တိုင်း ခြံစည်းရိုးပေါ်က သံရိုက်တဲ့ဒါဏ်ရာတွေအတိုင်း ပြန်နှုတ်လိုက်ပေမယ့်လည်း သူတို့စိတ်တွေမှာတော့ ဒါဏ်ရာတွေ ရသွားမှာအမှန်ပါပဲ ။
ဒေါသမဖြစ်ခင် အရင် - - အသိစိတ်ကလေးနဲ့ထိမ်းချုပ်ကြပါစို့ ။
from facebook

No comments:

Post a Comment