Monday, June 18, 2012

ပါရမီ ၂၃၂ ယာဉ်လိုင်းကြောင်း အတိုင်း ယုဇန ဥယျာဉ်မြို့တော်သို့ ၃၉ ယာဉ်များ တိုးချဲ့ ပြေးဆွဲ

ယုဇန ဥယျာဉ် မြို့တော်မှ မော်တင်သို့ ပြေးဆွဲနေတဲ့ ပါရမီ ၂၃၂ ယာဉ်လိုင်းကို ဖျက်သိမ်း လိုက်တာကြောင့် မ.ထ.သ ၃၉ ယာဉ်လိုင်းမှ ယာဉ်များဟာ ဖျက်သိမ်း

လိုက်တဲ့ ပါရမီ ၂၃၂ ယာဉ်လိုင်း လမ်းကြောင်း အတိုင်း ပြေးဆွဲလျက် ရှိနေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး မ.ထ.သ ဗဟို မှ တာဝန်ရှိ သူရဲ့ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ လမ်းကြောင်းမှာ မ.ထ.သ ၃၉ ယာဉ်လိုင်းမှ တိုးချဲ့ပြေးဆွဲ ပေးမှုဟာ ယာဉ်အစီးရေ ၁၀ စီးနဲ့ ပြေးဆွဲ ပေးတာ ဖြစ်ပြီး ယုဇနဥယျာဉ် မြို့တော်မှ မော်တင်သို့ ပြေးဆွဲပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယုဇန ဥယျာဉ် မြို့တော်မှ ပြေးဆွဲနေတဲ့ အခြား ယာဉ်လိုင်း များမှာ ၃၂ ယာဉ်လိုင်းနဲ့ ၅၆ယာဉ်ကြီးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ပါရမီ ၂၃၂ ယာဉ်လိုင်းဟာ ဖျက်သိမ်း လိုက်တာကြောင့် ၃၉ ယာဉ်လိုင်းမှ ယာဉ်များကို ရန်ကုန်တိုင်း ဒေသကြီး မ.ထ.သ ဗဟိုမှ စီစဉ်မူနဲ့ ခရီးသွား ပြည်သူများ ယာဉ်အခက်အခဲ မဖြစ်စေဖို့ အတွက် တိုးချဲ့ ပြေးဆွဲပေးတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

Post a Comment