
နေ့ဖြစ်တဲ့ အလုပ်သမားနေ့မှာတောင် အနားယူခွင့် အာမခံမရကြပဲ ရှိနေပြီး အခုလို လမ်းမပေါ်ထွက် ဆန္ဒပြတောင်းဆိုနေရတာ လက်ရှိ အခြေအနေပဲဖြစ်တယ်"လို့ ပြောကြားခဲ့ပါတယ်။
သူက ဆက်လက်ပြီး "အစိုးရဟာ အမှန်တော့ရွှေ့ပြောင်းအလုပ်သမားတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေပါတယ်
အထင်ရှားဆုံးကတော့ အီးပီအက်စ်စနစ်အောက်မှာ အလုပ်ရှင်တွေထံ စိတ်တိုင်းကျ အလုပ်ထုတ်ပိုင်ခွင့်ကို
ပေးထားတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူ့အခွင့်အရေးတွေဟာ အမြဲတမ်း ချိုးဖောက်ခံနေရ
တာပဲဖြစ်တယ်" လို့ ပြောကြားလိုက်ပြီး ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂ အနေနဲ့ ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ စနစ်တွေ တည့်မတ်ကောင်းမွန်လာအောင် အတူတကွ လက်တွဲ တိုက်ပွဲဝင်သွားမယ်"လို့ ကတိပေးလိုက်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ ယာယီဥက္ကဌ အူးဒါယာ(နီပေါ)မှလည်း" ရွှေ့ပြောင်းအလုပ်သမားတွေဟာ
နာရီပေါင်းများစွာ အလုပ်လုပ်ပေးနေကြရပေမယ့် လုပ်သလောက် ရရှိခံစားခွင့် မရှိတာဟာ ကြာပြီဖြစ်
ကြောင်း၊ အရင်းရှင်နဲ့ အစိုးရတို့ ပူးပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်နေကြပြီး
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခြေခံ လူ့အခွင့်အရေးကိုတောင် မရရှိကြကြောင်း" ပြောဆို
လိုက်ပါတယ်။
ဆန္ဒပြပွဲ တက်ရောက်ကြသူများကလည်း အစိုးရဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားအဖြစ်
သတ်မှတ်တယ်ဆိုရင် ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂကိုလည်း တရားဝင် အသိအမှတ်ပြုရမည်လို့ တညီ
တညွတ်တည်း တောင်းဆိုကြပါတယ်။
လက်ရှိမှာ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂကို တရားဝင်အသိအမှတ်ပြုရေးအတွက် အထက်တရားရုံးမှာ
တရားရင်ဆိုင်နေတာ ၅နှစ်ကြာပြီဖြစ်ပါတယ်။ အရင်က အောက်တရားရုံးများက သမဂ္ဂဟာ တရားမ ၀င်နိုင်ငံခြားသားအလုပ်သမားများ အများစုဖြင့် ဖွဲ့စည်းထားသော်ငြားလည်း တရားဝင် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ရှိတယ်လို့ အမိန့်ချမှတ်ခဲ့ဖူးပါတယ်။
ဒီ အမိန့်ကို အလုပ်သမားဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ် ၂လက အထက်တရားရုံးချုပ်တွင် ကန့်ကွက် တရားစွဲဆိုခဲ့ပြီး အဲဒီ ကာလကစပြီး ယနေ့အထိ မည်သည့် အမိန့်မှ ချမှတ်ခြင်း မရှိသေးပါ။
ဆန္ဒပြပွဲတွင် ပူးပေါင်းတဲ့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ဆန္ဒပြပွဲတလျှောက်လုံး
နီပေါရွှေ့ပြောင်းအလုပ်သမားများရဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများ
အတွက် လက်မှတ်ထိုး ကင်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အဖွဲ့ဟာ နီပေါနိုင်ငံတွင်း အသီးသီးသော ပါတီတွေထံ ရွှေ့ပြောင်းအလုပ်သမားတွေ ခံစားနေ ကြရတဲ့ ခေါင်းပုံဖြတ်ခံရခြင်းနဲ့ အဓမ္မခိုင်းစေခံရမှုတို့ အပေါ် စုံစမ်း စစ်ဆေးကာ တာဝန်ယူ ဖြေရှင်းပေးဖို့
တောင်းဆိုလိုက်ပြီး ယနေ့ ရရှိတဲ့ လက်မှတ်တွေကို စုပေါင်းပြီး နီပေါနိုင်ငံသို့ပေးပို့သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါတယ်။
ဆန္ဒပြသူများဟာ ဆိုးလ်မြို့လယ်ခေါင် လမ်းမတလျှောက်မှ တဆင့် မြောင်ဒုန်ချပ်စ်ကျောင်း အ၀င်အထိ တန်းစီလျှောက်ကာ ကြွေးကြော်သံများအား ဟစ်ကြွေးပြီး ညနေ၄နာရီခန့်တွင် ဆန္ဒပြပွဲအား အောင်မြင်စွာ
ရုတ်သိမ်းလိုက်ကြပါတယ်။
No comments:
Post a Comment