Saturday, June 30, 2012

တော်သေးတာပေါ့

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
 အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။

 အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။



-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
 သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။


- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့.....


 လက်ထပ်ခွင့်တောင်းချိန်

အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?

အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်


အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ




 သိပြီလား
အာကာသထဲရောက်သွားရင် ဘောပင်တွေက မှင်မထွက်တော့ဘူးတဲ့

လေဖိအားမရှိတော့လို့ တဲ့

အဲဒါနဲ့  နာဆာလည်း လေဟာနယ်မှာ မှင်ထွက်တဲ့ ဘောပင်ကို

ငွေကုန်ကြေးကျခံပြီး သုတေသနပြုသတဲ့

အမေရိကန်တွေဘောပင်တစ်ချောင်းနဲ့ ယောက်ယက်ခက်နေတဲ့အချိုန်မှာ

ရုရှားတွေကတော့အေးဆေးပဲတဲ့

ဒါနဲ့ အမေရိကန်တွေကရုရှားတွေအာကာသမှာဘယ်လိုမျိုး

နဲ့ အဆင်ပြေနေလဲလို့ လူလွှတ်ပြီးစုံစမ်းတော့

ဘောပင်မှင်မထွက်တော့

ခဲတံကိုသုံးပါတယ်တဲ့ဗျာ
တပတ်အတွင်းရရှိထားတဲ့အထူးသတင်းတွေပါတိုးတိုးနော်
လက်တို့ ပြောမှာ

၁။ မျဉ်းဝါမှတစ်ဆင့်
လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျှောက်လျှက်ရှိ။
၂။ AIDS ရောဂါကို လူတိုင်း ကြောက်ရွှံ့။
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စ ဆွေးနွေး။
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက် မပါရှိပါက လူအများ အသက်ရှူရာတွင် 
အခက်အခဲများ တွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို။
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ။
၆။ ကျောင်းသားတစ်ဦး ကျောင်းကား ပေါ်တွင် ကျောင်းသားများနှင့်
 စာအကြောင်းများကို ဆွေးနွေး။
၇။ နားမကြားသူများ နားကြားကိရိယာ အသုံးမပြုပါက နားကြားရမည်
 မဟုတ်ဟု ကျွမ်းကျင် သူများ ပြောကြား။
၈။ ခရီးသည်တင် ကားများတွင် ထိုင်ခုံမရပါက မတ်တပ်စီး၍ လိုက်ပါနိုင်။
၉။ မဆင်မခြင် သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်။
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များ ဖွင့်ထားပါက လေကောင်း၊ လေသန့် ရနိုင်။
၁၁။ မိုးရွာသောနေ့များတွင် လူအများစု ထီးများ ဆောင်း၍ သွားလာလှုပ်ရှားလျှက်ရှိ။

No comments:

Post a Comment