Sunday, August 5, 2012

window xp

Disk cleanup မှ compress old files သုံးနည်း

ကျွန်တော်တို့ computer အသုံးပြုတဲ့ သူတွေ အတော်များများမှာ မိမိတို့ အသုံးပြုတဲ့ hard disk ရဲ့ Space ကို မလိုအပ်တဲ့ ဖိုင်တွေ နေရာ ယူတာ မလိုချင်ကျပါဘူး။ ဒါကြောင့် ရနိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး ရှင်းလင်းကျပါသလို Third Party Software တွေကို လည် အသုံးပြုရှင်းလင်းကျပါတယ်။ အဲ့ဒီလို နည်းလမ်းတွေ အထဲ က Disk cleanup ကို အသုံးပြုကျပါတယ်။ ဒါပေးမဲ့ ကျွန်တော် ပြောချင်တာက Disk cleanup အကြောင်းမဟုတ်ပါဘူး အဲ့ဒီ Disk cleanup ထဲမှာ ပါတဲ compress old files အကြောင်းကို ပြောပြချင်လို့ပါ။ သာမန်အားဖြင့် Disk Cleanup အသုံးပြုတဲ့ လူတွေ အတော်များမ အဲ့ဒါအသုံးပြုပြီတာ OK တန်ပြီး click ကျပါတယ်။ တစ်ချို့ကျတော့လည် Temporary Internet Files တွေလို့ Download Program files တွေကို click ပေးပြီး ရှင်းကျပါတယ်။ ဒါပေမဲ့ compress old files ကို အသုံးမပြုကျပါဘူး။ ဒါကြောင့် compress old files အကြောင်းကို ရှင်းပြပေးပါမည်။

Disk cleanup compress old files ဆိုတာ ကျွန်တော်တို့ Windows XP မှာ အတော် အသုံးဝင် အသုံးတဲ့တဲ့ Tool လေးတစ်ခုပါ။ ကျွန်တော်တို့ Disk cleanup က ဖိုင်တွေကို မိမိတို့ အသုံးပြုနေတဲ့ OS မှာ Restore space အချို့ကို ပေါင်းထည့်ပေးတဲ့ ဖိုင် လို့ တနည်းဆိုလို့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်တော်ရှေ့မှာ ပြောခဲ့သလို Disk Space ကို နေရာယူတဲ့ Temporary files တွေကို ရှင်းထုတ်ပေးတယ်။ နောက်အခု ကျွန်တော်ပြောချင်တဲ့ compress old files (ဖိုင်အဟောင်တွေကို ချုံပေးတဲ့ Tool )တွေကို အခွင့်အရေးအနေနဲ့ Windows XP မှာ Disk cleanup နဲ့ ပေါင်းထည့်ထားတာဖြစ်ပါတယ်။ အသုံးမပြုတာ ကြာနေတဲ့ ဖိုင် အဟောင်းတွေကို hard disk ထဲမှာ နေရာကို ချုံပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် Disk cleanup လုပ်ပေးတဲ့ အချိန်တိုင်း old files တွေကို ချုံပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် XP မှာ Disk cleanup မှာ compress old files တွေက 50 day ထက် ပိုရှိနေနိုင်ပါတယ်။ တစ်ခါတရံမှာတော့ 50 day ထပ် ပိုမလိုချင်ဘူးဆိုရင် မိမိစိတ်ကြိုက် နေ့ကို လျော့ချလို့ရပါတယ်။ တနည်းအားဖြင့် compress old files ဆိုတာ အချိန်ကြာခဲ့ data အဟောင်းတွေကို hard disk မှာ space များများမယူနိုင်အောင် နှင့် ပြန်ကျဲနေတာတွေကို ချုံပေးတဲ့ Tool လို့ နားလည်းထားးရင် အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်။ လိုအပ်ခဲ့လို အသုံးပြုချင်တယ်ဆိုရင် အောက်ပါအတိုင်းအဆင့်ဆင့် လုပ်ဆောင်လိုက်ပါ။
လုပ်နည်း
1. My computer >> မိမိကြိုက်နှစ်သက်ရာ partitions တစ်ခုပေါ်မှာ Right click ထောက်ပြီ Propertity ကို click လိုက်ပါ။

2. General >> Disk cleanup ကို click လိုက်ပါ။ Folder to delete ဆိုတဲ့ အကွက်ထဲမှာ compress old files ဆိုတာကို ရှာလိုက်ပါ။ အမှန်ခြစ်ပေးပြီး click လိုက်ပါ။ ပြီးရင် option ဆိုတာ ရှိပါတယ်။ အောက်မှာကြည့်ပါ။


3. Option ကို click လိုက်တာနဲ့ ပုံမှန် Default အတိုင်းဆိုရင် 50 day တွေ့ရပါမည်။ မိမိ ကြိုက်နှစ်သက်တဲ့ Day ကို ထည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ 30 day လောက် ပြောင်းထားလိုက်ပါတယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင် ပြီးပါပြီ နောက်လုပ်စရာ မလိုတော့ပါဘူး။ မိမိက ရက်ပြန်ပြောင်းချင်မှသာ လိုအပ်ပါတော့တယ်။ ရက် ၃၀ ဆယ်ပြည့်တိုင်း ချုံပေးမှာ ဖြစ်ပါတယ်။

Monday, June 14, 2010

လုံခြုံစွာနဲ့ ကွန်ပျူတာကို Lock ချနည်း( မသုံးကျရန်)

ကျွန်တော်တို့ မိမိကွန်ပျူတာကို မိမိ မသုံးတဲ့ အချိန် Lock ချချင်လို့ဘဲ ဖြစ်ဖြစ် height level လုံခြုံမှု့ ရှိစေမည့် နည်းလမ်းလေး ဖြစ်ပါတယ်။ ဘာ Software မှလည် မလိုအပ်သလို ဘာမှလဲ မခတ်ခဲတဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ ဒီနည်းလမ်းက အရမ်းလည် ရိုးရှင်းသလို အကျိုးကျေးဇူးများပါတယ်။ အခုနည်းက ကျွန်တော် တို့ ပုံမှန်အတိုင်း password ပေးချင်လဲ ပေးထားလိုက်ပါ။ ပုံမှန်ပေးနည်းကို မလုပ်တက်က Start >> Control Pannel >> User Account မှာ အဆင့်ဆင့် သွားလုပ်ဆောင်လုပ်ပါ။ ပုံမှန်နည်းကို အသုံးမပြုချင်လည် ရပါတယ်။ ကျွန်တော်က ဒါကို တင်ပြချင်တာ မဟုတ်လို့ အရှည် မတင်ပြလိုတော့ပါ။ မိမိစက်ကို လုံးခြုံစေချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း Safer Way နည်းလမ်းလေးကို အသုံးပြုကြည့်လိုက်ပါအုံးနော်။
1. Start >> Run >> syskey လို့ရိုက်ပြီ Enter ခေါက်ပါ။ အောက်ပါအတိုင်း ကျလာပါမည်။ Update ကိုနိုပ့်ပါ။



2. Password Startup အကွက်မှာ မိမိ အသုံးပြုချင်တဲ့ Password ကိုရိုက်ပြီး OK နိုပ့်ပါ။ ပြီးပါပြီ။ ကဲ ဘယ်လောက် လွယ်ကူနေတာကို။( Password နည်းလမ်းတွေကို တစ်စု တစ်စုတည် အခြားနည်းလမ်းများ တင်ပြပေးပါမည်။ )

Friday, June 4, 2010

Virtual Memory တွက်ချက်နည်း

ကျွန်တော်တို့ Memory လို့ ပြောလိုက်တာနဲ့ ကွန်ပျူတာအသုံးပြုတဲ့ သူတိုင်း သိပြီးသာပါ။ ဒါပေမဲ့ သေချာသိသင့်တယ် ထင်လို့ တင်ပြပေးလိုက်တာပါ။ ကျွန်တော်တို့ ကွန်ပျူတာမှာ အဓိက အားဖြင့် Memory နှစ်မျိုးနှစ်စားရှိပါတယ်။ System Memory နဲ့ Virtual Memory ဆိုပြီ ရှိပါတယ်။ System Memory က ကွန်ပျူတာရဲ့ဘယ်အပိုင်းကို လုပ်ဆောင်သလဲ။ ကွန်ပျူတာရဲ့ ဘယ်အပိုင်းကတော့ Virtual Memory လုပ်ဆောင်တယ် ဆိုတာ ကွဲကွဲ ပြားပြားနားလည်အောင် တင်ပြပေးလိုက်တာပါ။ ကျွန်တော် ညီ အောင်ကျော်ထွန်း ကိုယ်တိုင် အပင်ပန်းခံပြီး ရေးသားပေးထားတာ ဖြစ်ပါတယ်။ အတော်များများသော သူများကတော့ အခုလို နားလည်ဖို့ထက် အသုံးချနည်းများကိုသာ စိတ်ဝင်စားကျပါတယ်။

System Memory (တနည်းအားဖြင့် Physical Memory (or) Main Memory ကို ဆိုလိုခြင်းဖြစ်ပါတယ်။) ကတော့ တစ်နည်းအား ဖြင့်တော့ Application Data (အသုံးချ Software များကို ဆိုလိုခြင်းဖြစ်ပါတယ်။ ) တွေကို ဘယ်လို သိုးလှောင်မလဲ ၊ ဘယ်လို စီမံမလဲ ၊ ဘယ်လို နေရာချမလဲကို အသုံးပြုပေးတာ ဖြစ်ပါတယ်။ နောက် ကျွန်တော် တို့ Memory Sticks တစ်ခုကို မိမိ ကွန်ပျူတာမှာ တပ်ဆင်လိုက်တာနဲ့ မိမိရဲ့ System Memory က မိမိတပ်ဆင်ထားတာထပ် ပိုတိုးလာပါလိမ့်မယ်။ တနည်းအားဖြင့် ဒါကြောင့် System Memory ဆိုတာ အဓိကစက်ထဲမှာရှိနေတဲ့ Memory တင်မကပဲပြင်ကနေတပ်ဆင်လိုက်တဲ့ physical memory ( External HDD,Memory sticks) တွေလည်းပါဝင်တယ်လို့သိထားရပါမယ်


Virtual Memory ( Logical Memory ကို ဆိုလိုခြင်းဖြစ်ပါတယ်။) ကတော့ သူကတော့ Memory တော့ Memory ဘဲ။ ဒါပေမဲ့ OS (Operating System တနည်းအားဖြင့် Windows ပေါ့) ရဲ့ Controls အောက်မှာ အလုပ်လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ Virtual Memory ကတော့ HDD(Hard disk drive ) ရဲ့ အစိတ်အပိုင်းလေး တစ်ခု အတွက် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ နောက်ပြီး မိမိရဲ့ ကွန်ပျူတာမှာ လက်တလော အသုံးမပြုတဲ့ Application Software တွေ ရဲ့ Process တွေ Instructions တွေကို သိုလှောင်းပေးထားတဲ့ နေရာမှာ Virtual Memory က လုပ်ဆောင်ပါတယ်။ Virtual Memory က အခု လက်တလော အသုံးပြုနေတဲ့ Process တွေကို သူနဲ့ လုံးဝ ပါဝင်ပတ်သက်မှု့မရှိပါဘူ။ လက်တလော Process တွေအတွက် Virtual Memory က လုံးဝ မလိုအပ်ပါ။ လက်တလော အသုံးပြုနေတဲ့ process တွေက System Memory နဲ့သာ သက်ဆိုင်ပါတယ်။ တစ်ခုတော့ ရှိတယ် မလိုအပ်လို့ Virtual Memory မှာ သိမ်းထားတဲ့ process တွေ လိုလာခဲ့ရင်တော့ ဆွဲယူအသုံးပြုပါတယ်။ Virtual Memory တိုးမြင့်မယ်ဆိုရင်တော့ system configuration ကနေ၀င်ရောက်လုပ်ဆောင်နိုင်ပါတယ်။ ( Virtual Memory တိုးနည်းကို တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။)

Virtual Memory အလုပ်လုပ်ပုံ
Virtual Memory ကိုကတော်တို့ HDD ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် အသုံးပြူပါတယ်၊ ဘာအတွက်လဲဆိုရင် system က အခုလောလောဆယ် process လုပ်ဖို့မလိုသေးတဲ့ application data နဲ့ instruction တွေအတွက် ဖြစ်ပါတယ်။ Program တစ်ခုဟာ process လုပ်နေတဲ့ အချိန်အတွင်းမှာ system သည် HDD မှ main memory (system memory) ဆီကိုကူးယူလိုက်ပါတယ်။ ဒါကြောင့် system သည် ကူးယူထားတဲ့ resources ကို CPU အနေနဲ့လုပ်ဆောင်ပြီး တွက်ထုတ်ပါတယ်။ system memory ပြည့်သွားတာနဲ့ တပြိုင်နက်။ system သည် နောက်ထပ် တစ်စုံတစ်ရာ ထပ်လုပ်ဆောင်ရန်မလိုသေးသည့် data and instruction တွေကို Virtual Memory ဆီကို ရွေ့ထား လိုက်ပါတယ်။ ဒါကြောင့် system ဟာနောက်ထပ် application data နှင့် instruction တွေကို နောက်ထပ်လုပ်ဆောင်ဖို့အတွက် (system memory)Main memory ဆီကိုကူးယူလိုက်ပါတယ်။ Virtual Memory ထဲမှာရှိတဲ့ data and instruction တွေကို နောက်ထပ်တဖန်ထပ်လုပ်ဖို့ လိုလာတဲ့အခါမှာ system ဟာပထမဆုံး main memory ကိုနေရာလွတ်မလွတ် ကြည့်လိုက်ပါတယ်..တကယ်လို့နေရာလွတ်ရှိတယ်ဆိုရင် main memory ဆီကိုကူးယူလိုက်ပါတယ်..တကယ်လို့မကျန်တော့ဘူးဆိုရင်အချို့သော ထပ်လုပ်ဖို့မလိုတဲ့ data and instructionတွေကို Virtual Memory ဆီကို ကူးယူ လိုက်ပါတယ်… တစ်ခါထပ်ပြီး လုပ်ဆောင်ဖို့လိုအပ်တဲ့ data and instructionတွေကို Virtual Memoryကနေ main memory ဆီကို ကူးယူလိုက်ပါတယ်။
Virtual Memory အရမ်းနည်းနေခြင်း (သို့) အရမ်းများနေခြင်းဟာ သိပ်မကောင်းပါဘူး။ တကယ်လို့ အရမ်းနည်းနေ တယ်ဆိုရင် OS ဟာVirtual Memory အရမ်းနည်းနေကြောင်း error ပြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် system memory ရဲ့ တချို့သော အစိတ်အပိုင်းတွေဟာ OS Kernel (OS Kernel ဆိုတာ မိမိ ကွန်ပျူတာရဲ့ ဗဟိုအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ သူက Computer Hardware တွေကို တိုက်ရိုက်ထိန်းချူပ်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်. အကျယ် ကိုယ်တိုင် ဆက်လေ့လာရန်) ကိုသိမ်းဆည်းဖို့အတွက် အသုံးပြူခြင်း ခံလိုက်ရလို့ဖြစ်ပါတယ်။ ဘာလို့အသုံးပြူရတာလဲဆိုတော့OS Kernel ကိုmain memory ထဲမှာ တစ်ချိန်လုံး ထိမ်းသိမ်းထားဖို့ လိုအပ်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့် System ဟာ ဆိုရင် လက်ရှိအသုံးပြူဖို့ မလိုအပ်သေးတဲ့ data and instruction တွေကို main memory ပြည့်သွားတဲ့အခါမှာ သိမ်းဆည်းထားဖို့ နေရာလွတ်တွေ လိုအပ်ပါတယ်။ Virtual Memory ကြီးလွန်းတာလည်း intensive application တွေကိုထောက်ပံ့ ပေးနေပါတယ်။ ဒါလည်းမကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ HDD ရဲ့ နေရာတွေကို မယူရင်တောင်မှ performance lagging တွေကိုဖြစ်စေလို့ပါ။ system ဟာဆိုရင် application data and instruction တွေကို Virtual Memory နဲ့ system memory တွေကြားမှာ အသွားအပြန် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Virtual Memory ရဲ့ size ကို ပုံမှန် စံအတိုင်း ရှိဖို့အတွက် တွက်ချက်ဖို့လိုအပ်ပါတယ်။

ဘယ်လိုတွက်ရမလဲဆိုတော့

256 MB of RAM (Main Memory) * 1.5 = 384 MB for Virtual Memory ဆိုတဲ့ပုံသေနည်းနဲ့တွက်ချက်သိရှိနိုင်ပါတယ်။

ဥပမာ .
မိမိ ကွန်ပျူတာမှာ Physical Memory က 512 MB ဆိုက်ထားတယ်ဆိုပါစို့။ အောက်ပါအတိုင်း တွက်လိုပါ..

512* 1.5= 786

Performance မှာ အောက်ပါအတိုင်းတွေ့ရပါမည်။

CODE
Initial Size (MB): 786
Maximum Size (MB) : 1500

Virtual Memory တိုးနည်းကို ပုံနှင့်တကွ ဒီနေရာမှာ အသေးစိတ်တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။

No comments:

Post a Comment