Saturday, August 18, 2012

ရယ်စရာ အတိုအထွာ

ရွဲ့တာလား
စာတိုက်ကောင်တာစာရေးက အမျိုးသမီးကြီးအား "" ဒီစာအိတ်ပေါ်မှာ နောက်ထပ်တံဆိပ်ခေါင်းတစ်လုံး ထပ်ကပ်လိုက်ပါဦး

စာအိတ်က သိပ်လေးနေလို့ပါ"" သည်တော့ အမျိုးသမီးကြီးက "" အဲလိုဆို စာအိတ်က ပေါ့သွားရောလား"" ဟု မေးလိုက်၏။
======
လူကွဲတယ်လေ
ငယ်ရွယ်သော မီးယပ်ရောဂါကု ဆရာဝန်လေးက စမ်းသပ် စစ်ဆေးနိုင်ရန် အ၀တ်အစားတွေကို ချွတ်ပစ်ဖို့ အလွန်ချောမောလှပသော
မိန်းမပျိုလေးအား ပြောလိုက်၏။ မိန်းမပျိုလေး အလွန်အမင်း ရှက်သွား၏။ ထို့ကြောင့် ဆရာဝန်လေးက အရှက်ပြေသွားစေရန်
ခပ်ရွှင်ရွှင်လေး မေး၏။
"" ဘာလဲ၊ အရင်က တစ်ခါမှ အစမ်းသပ်မခံခဲ့ဖူးဘူးလား "" "" အို- အစမ်းခံဖူးတာပေါ့၊ တကယ်ပါ၊
ဒါပေမယ့် ဆရာဝန်နဲ့တော့ မဟုတ်ဘူး""
==============
အတူတူထင်လို့
ဆရာဝန် - ရက်သတ္တပတ်အနည်းငယ်တော့ ခင်ဗျား ခေါင်းအလုပ်မလုပ်ဖို့ လိုတယ်နော်
လူနာ - ဟုတ်ကဲ့ ဒေါက်တာ၊ ဒါပေမယ့် ခေါင်းအလုပ်က ကျွန်တော့် အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်နေတယ်။
ဆရာဝန်- သြော်၊ ခင်ဗျားက ပညာရှင်လား
လူနာ- မဟုတ်ပါ၊ ဆံပင်ညှပ်သမားပါ။
====
မရှိတာက
"" ကဲ- မိန်းမက ခင်ဗျားကို ပစ်သွားပြီဆိုရင်လည်း အိမ်ပြန်ပြီး ၀မ်းနည်း ကြေကွဲရမှာကို အရက်ထဲ နှစ်လိုက်ပါလား"" ဟု
အဖေါ်တွေက အကြံပေး၏။
"" ဖြစ်နိုင်မယ် မထင်ပါဘူး "" ဟု ကိုကျန်ရစ်က ပြော၏။ "" ဘာဖြစ်လို့လဲ၊ အရက်မရှိလို့လား ""
"" အို- မဟုတ်ပါဘူး၊ အရက်ထဲနစ်ဖို့ ၀မ်းနည်းကြေကွဲစရာ မရှိလို့ပါ ""
====
မငြင်းပါဘူး
"" ဂျွန်... ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်က ဘယ်လိုရှိလဲကွ "" ဟု ဆရာက မေးလိုက်သည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးပါ ဆရာ.."" ဟု ဂျွန်က ပြန်ဖြေသည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးဆိုတာ မင်းဘယ်လိုသိလဲ.."" ဆရာက ဆက်မေးသည်။
ဂျွန် ဇဝေဇ၀ါဖြစ်သွားပြီး "" ကောင်းပါပြီ..ကမ္ဘာကြီးက လေးထောင့်ကြီးဆိုရင်လည်း ကျွန်တော်မငြင်းလိုပါဘူး..ဆရာ "" ဟု
ပြန်ဖြေလိုက်လေသည်။
============
နှုတ်ဦးသူ
မုဆိုးမတစ်ယောက်က မုဆိုးဖိုတစ်ယောက်ကို လက်ထပ်လိုက်၏။ သည်တော့ မုဆိုးမ၏ သူငယ်ချင်းက "" အေး- ငါထင်တယ်၊
လက်ထက်ခဲ့ဖူးတဲ့ ယောက်ျားတွေလိုပဲပေါ့ဟာ၊ နင့် ခု ယောက်ျားကလည်း တခါတခါကျတော့ သူ့အရင်မိန်းမအကြောင်းပြောမှာေ
ပါ့ ""
"" အို--တစ်ခွန်းမှကို မဟဘူး"" ""ဘာကြောင့်ပါလိမ့် "" "" သူပြောမယ်ကြံတိုင်း ငါက ငါယူမယ့်ယောက်ျားအကြောင်း အရင်ဦးအောင် ပြောပစ်လိုက်တယ်လေ ""
=====
စေတနာ ဝေဒနာဖြစ်
လူနာ အမျိုးသမီးအနေဖြင့် သူမ ခွဲစိတ်ခံရဖို့ နီးကပ်နေပြီ ဆိုသည့် စိုးရိမ်စိတ်ပျောက်သွားစေရန် ဆရာဝန်က ကြိုးစားပြီး အာရုံလွှဲဖို့ စကားတွေပြောနေသည်။
ဆရာဝန်- "" ကျွန်တော့်သမီး မင်္ဂလာဆောင်ဖို့ နီးနေပြီလေ၊ သားကိုလည်း အလွတ်ပညာသင်ကျောင်းပို့ဖို့ ငွေတွေကုန်ရဦးမယ် ""
ဆရာဝန်က ထိုသို့ပြောပြီး မပြန်ခင်လေးမှာ ဆက်ပြောလိုက်သည်။ "" အေးဗျာ၊ ခင်ဗျားကို နက်ဖြန် ခွဲစိတ်ခန်းထဲမှာ တွေ့မယ်လေ၊
ဒါ့ထက် ခင်ဗျားကရော ဘာများမေးချင်သေးလဲ ""
သည်တော့ လူနာအမျိုးသမီးက "" တစ်ခုပဲ ဒေါက်တာ၊ ကျွန်မက ဒေါက်တာ့ သမီး မင်္ဂလာဆောင်ဖိုး ပေးရမှာလား၊
ဒါမှမဟုတ် ဒေါက်တာ့ သား ပညာသင်စရိတ်ပေးရမှာလား ""
======
လိမ်ညာသူ သူ့အပြစ်
ယောက်ျား - "" ဟိုကောင်မ၊ ငါ့မိန်းမလေ၊ မိန်းမညာကွ ""
သူငယ်ချင်း - "" မင်းဘယ်လိုလုပ် သိလဲ ""
ယောက်ျား- "" ဘယ်လိုလုပ်သိလဲ ဆိုတော့ သူက ပြောတယ်လေ သူ "ယူရှာ" နဲ့ ညက အိပ်ခဲ့တယ် ""
သူငယ်ချင်း - "" အဲဒီတော့..""
ယောက်ျား - "" ဟ- ငါက အဲဒီ"ယူရှာ"ဆိုတဲ့ ကောင်မနဲ့ တစ်ညလုံးရှိနေတာလေကွာ..""
=====
ခွကျတဲ့ ဖေါ်ရွေမှု
အလုန်ကျယ်လောင် ပြင်းထန်သော တံခါးခေါက်သံကြောင့် အိမ်ရှင်က တံခါးဖွင့်ပေးလိုက်၏၊
တံခါးရှေ့မှာ လုံးဝ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။
"" ဘယ်သူများပါလိမ့် ခင်ဗျား ""
"" ရဲပါ ""
"" အို- ရဲလား ခင်ဗျားက၊ ယူနီဖေါင်း ၀တ်မထားပဲကိုး ""
"" မှန်ပါတယ်၊ ကျွန်တော်က စီအိုင်ဒီပါ ""
"" အော်.. သိပြီ..သိပြီ.၊ အိမ်ထဲဝင်ပါဦး ဦးစစ် ""
( CID- စစ်)
======
သူ့အတွေး
မာမီ -- "" သမီးရေ၊ ဒီသိုးမွေးဆွယ်တာကို ကောင်းကောင်းဝတ်နော်၊ ဒီဆွယ်တာထိုးဖို့ သိုးငါးကောင်လောက်လိုတာ ""
ရှယ်လီ -- "" တကယ်လား မာမီ၊ သမီးဖြင့် သိုးတွေ သိုးမွေးထိုးတတ်မှန်း ခုမှ သိရတယ် ""
======
ကြက်သား
ဘီလ်သည် စားသောက်ဆိုင်တွင် ထမင်း ဟင်းများ မှာယူစားသောက်ပြီးချိန်တွင် စားပွဲထိုးအား မေးလိုက်၏၊
ဘီလ်- ""မင်းတို့ ကြက်သားဟင်းက အရိုးပဲ ရှိသလား ""
စားပွဲထိုး -"" ဆရာက အမွေးပါ လိုချင်တာလား ""
=======
နားလည်မှုလွဲပုံက
အိမ်တစ်အိမ်တွင် အိမ်ရှင်က ဧည့်သည်ကို ဧည့်ခံထမင်းကျွေးနေသည်။
အိမ်ရှင်က "" ထမင်းစာပြီး လက်ဆေး ရေသောက်လိုက်နော် "" ဟု ခပ်သွက်သွက်ပြောလိုက်သည်။
သည်တော့ ဧည့်သည်က "" ဟုတ်ကဲ့ ခင်ဗျ.."" ဟု ပြောပြီး ထမင်းစားပြီးပြီးချင်း ဘေးတွင်ရှိသော လက်ဆေးရေဇလုံကို
ယူပြီး မော့သောက်လိုက်သည်။
ထိုအခါ အိမ်ရှင်က အံ့အားသင့်ပြီး "" ခင်ဗျား ဘာလို့ လက်ဆေးရေတွေကို သောက်ရတာလဲ၊ ကျွန်တော်တို့အိမ်မှာ သောက်ရေတွေရှိပါတယ် "" ဟု ပြောရာ
ဧည့်သည်က " ခင်ဗျားပဲ ထမင်းစားပြီးရင် လက်ဆေးရေသောက်လိုက်ဆိုလို့ပါ.."" ဟု ပြောလိုက်လေသည်။
======
ယူခဲ့ရောပေါ့
ရှေ့နေတစ်ဦး၏ ဇနီးသည် ဆတ်ဆတ်ထိမခံသူ ဖြစ်သည်။ တစ်ညနေတွင် ခင်ပွန်းက "" ဒီပြုတ်ကျော်ကို မောင်တော့ စားလို့မရဘူးကွာ "" ဟု ညည်းမိရာ
ဇနီးသည်က "" ရှင့်ဘာသာ ချက်ပေတော့၊ အစတုန်းက ရှင်ထမင်းချက်ကို ရှာယူခဲ့ပါလား "" ဟု ပြန်ပြောသည်။
ထိုည သန်းခေါင်ယံတွင် အမျိုးသမီးက ခင်ပွန်းသည်ကို အတင်းနှိုးသည် "" ထဦး..ကိုကို ..အိမ်ထဲကို သူခိုးရောက်နေသံကြားတယ် ""
အမျိုးသားက ဟောက်နေရင်းပင် ပြန်ပြောလိုက်ပုံက "" မင်းဘာသာ ထပေတော့၊ အစတုန်းက မင်း ရဲသားကို ရှာယူခဲ့ရောပေါ့ကွာ..""
===========
အလှူက နေ့တိုင်းမရှိဘူး
တစ်နေ့တွင် လမ်းဘေးခွေးတစ်ကောင်သည် ဘုရားပေါ်သို့ ရောက်သွားလေသည်။
ဘုရားပေါ်တွင် အလှူနှင့် ကြုံသောကြောင့် ကောင်းမွန်စွာ စားခဲ့ရသည်။ နောက်နေ့တွင်
ထိုခွေးသည် ဘုရားပေါ်သို့ ထပ်သွားပြန်ရာ ဘုရားပေါ်က ခွေးက ပြန်ပြောလိုက်ပုံက
"" ဟကောင်ရ..အလှူက နေ့တိုင်းရှိတာ မဟုတ်ဘူးကွ..""


ဒုတိယ အချက်

 

(ရွံရှာတတ်သူများ... ကြောက်လန့် တတ်သူများနှင့် ဆေးကျောင်းသားများ မဖတ်ရ)
မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့ အားနည်းချက်လို့  ဆိုရမလားပဲ…။
ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။ ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့ ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့ …။
အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။
“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”
ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ လေးလေးပင်ပင်နဲ့ …
“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ... ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”
ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ့ လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ့ ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။
“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”
ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …
“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”
မယုံမရှိကြပါနဲ့ ။
‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။ စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။
လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။
ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။
အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့ တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။
“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”
“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က... လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို... ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”
“တိန်…” :P

No comments:

Post a Comment