Saturday, August 11, 2012

USB strick ကို Format ချပြီး အသုံးပြုပုံ..

တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။

ထုတ်လို့ မရတော့တာမျိုး … Virus ကိုက်သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။
 အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။
အောက်ကနည်းလေးကတော့ …….USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။

၁။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click နှိပ်ပြီး Manage ကို သွား … ။


၂။ အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။
အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ပါ..ရောက်ရင် ညဘက်မှာ.. Device Drive ဆိုတာလေး တွေ့ပါမယ် …။
 အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့ပါလိမ့်မယ် .. ။




၃။ တွေ့ပြီဆိုရင် USB Drive ကို RightClick ထောက် Propereties ကို သွား .. ။ ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် ..
“Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။
 အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။



၎။ ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။



၅။ အားလုံးပြီးရင် OK ပေါ့ ...။
ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို တွေ့လိမ့်မယ် … ။


ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ပြီးသွားပါပြီ .. ။


No comments:

Post a Comment