Saturday, August 18, 2012

မိန်းကလေးများ လက်မတွဲအပ်သောယောင်္ကျား...........

ဒီလိုယောင်္ကျားမျိုးတွေက ချစ်ဖို့ မတန်တဲ့သူတွေပါ....
တသက်လုံးစိတ်ဆင်းရဲရမှာနဲ့ စာရင် တလလောက်အသဲကွဲပစ်လိုက်တာ လဲရတာတန်ပါတယ်.................

  1. လက်ပါတတ်သောသူ (ရန်ဖြစ်တာနဲ့ လူရှေ့ မရှောင် သူရှေ့ မရှောင် လက်သံပြောင်တတ်တဲ့သူတွေလေ...နောက်မလုပ်တော့ပါဘူး လို့  သူကတောင်ပန်းတော့ ချစ်လက်စနဲ့ ကြေးအေး..အော်..သူနောက်လုပ်မှာ မဟုတ်ပါဘူးလေ..လို့ ...ဖူးယောင်နေဆဲ မျက်နှာသေလေးနဲ့ တွေးတောမနေပါနဲ့ ..ဗီဇက ဖျောက်ဖို့ ခက်ပါတယ်)
  2. ကိုယ့်မိဘ၊ သူငယ်ချင်း၊ အသိုင်းအဝိုင်းကို အလေးမထား၊ မလေးစားသူ (တသက်လုံး မျက်နှာငယ်ရ၊ အပြောအဆိုခံရမှာပါ၊ တခြိမ်းခြိမ်း စကားနိုင်လုပွဲတွေ လဲဆက်နေမှာပါ...)
  3. အလုပ်လက်ကြောမတင်းသူ (တလောကလုံး အလုပ်တွေက သူနဲ့ ပဲ မတန်သလိုလို.....အလုပ်လုပ်ရန် နေရွှေ့ ညရွှေ့  ဖင်တပြန် ခေါင်းတပြန် အပျင်းကြောထူနေတတ်တဲ့သူပေါ့...မစဉ်းစားနဲ့ .... တဘဝစာ ရှာဖွေရမှာ တယောက်တည်း ပင်းပန်းလှပါတယ် )
  4. အခက်အခဲဖြစ်တိုင်း ခေါင်းရှောင်တတ်သူ (အကြံတုံး ဥာဏ်တုံး...... အစွမ်းအစတုံး ငနဲတွေပါ...မိန်းကလေးကပဲ ဦးဆောင်နေရတာပေါ့ ကိုယ်ပိုင်အရည်အချင်းမရှိသူမျိုး ကို မချစ်ပါနဲ့ )
  5. ထစ်ခနဲရှိမျက်ရည်ကျပြတတ်သူ (ယောင်္ကျားတန်မဲ့ မျက်ရည်လွယ်သူ တွေလဲရှိပါတယ်....ကိုယ့်ကြောင့်ငိုလို့ ကိုယ့်ကိုသိပ်ချစ်တာပဲလို့  ထင်ရင်တော့ ဂိုးပြီးနော်...ကိုးရီးယားကားကြည့်လဲ ငို ကုလားကားကြည့်လဲငိုဆို ဘယ်လိုလုပ်မလဲ...အပိုလုပ်သူတွေပါ...)
  6. စကားပြောသိပ်ကောင်းသူ (သူ့ မှာမိန်းကလေးတွေ ဝိုင်းနေတတ်ပါတယ်..အပြောကောင်းတာကို..ဒီလိုလူမျိုး ကရှုပ်ကိုရှုပ် ပါတယ်..မပတ်သတ်တာ စိတ်ချမ်းသာပါတယ်...သူတော်ကီမှာ မျောလို့ ကတော့နောက်ပိုင်း မျက်ရည်ခွက်ပါ မျောမယ်မှတ်)
  7. အပျော်အပါးကိုစွဲလန်းသူ (အဲလိုယောင်္ကျားမျိုးက အပေါင်းအသင်းစုံရင် အကုန်လုပ်ပါတယ်..သူမလုပ်ဖူးတာမရှိသလောက်ပါ.....ပိုက်ဆံလဲ အသုံးကြမ်းပြီး..မိန်းမရှုပ်တတ်ပါတယ်..ရှိုးပွဲတကာ...ကလပ်...ကေတီဗီ..အကုန်မှာ သူက ဘုရင်ပါပဲ)
  8. ရောဂါရှိသူ (နှလုံးရောဂါ၊ အဆုတ်ရောဂါ..ဘာညာသာရကာ....ရှိသူတွေပါ...အားမကိုးလောက်ပါဘူး...သူကိုလဲရှာကျွေးရမယ်......... ဆေးဖိုးလဲရှာရမယ်...ပြုစုရမယ်..ပျော်စရာ အချိန်မရှိပါဘူး...)
  9. မူးယစ်ဆေးဝါးစွဲနေသူ (ကြောက်ဖို့ ကောင်းတဲ့သူတွေပါ............. လူသတ်ဖို့ တောင်ဝန်မလေးပါဘူး....ဆေးကြောင် ကြောင်ခဲ့ရင် ကိုယ့်ကို ချစ်သူမှန်းသိချင်းမှသိတော့မှာ...လည်ပင်းညှစ်ပြီး နားကပ် ဆွဲကြိုးဖြုတ်..ပိုက်ဆံအိတ်လုသွားရုံးရောက် ဂါတ်ရောက် ကျော်မကောင်းကြားမကောင်းဖြစ်တတ်ပါတယ်)
  10. အမေ ကိုသိပ်ချစ်သူ (ဘယ်တော့မှ လင်ယောင်္ကျားကောင်း ဖြစ်မလာပါဘူး..အမေ့ စကားတစ်ခွန်းပါပဲ....ယောက္ခမက ဂုံးတိုက်တတ်တဲ့ သူဖြစ်လို့ ကတော့ သေပြီဆရာပဲ...မျက်ရည်စမ်းစမ်း နေရမှာပါ..သူအမေ နဲ့ စကားများကြည့်..အိမ်ပေါ်ကနှင်ချမယ့် သားအလိမ္မာတုံးတွေလေ.........
1500 နဲ့  528 ကိုခွဲခြားတတ်တဲ့ သူကိုေ၇ွး၇တတ်၇မယ် တချို့ယောက္ခမတွေကတော့
မိဘအရင်းလိုပဲနေတတ်ပါတယ်
ကဲ...ကဲ...စဉ်းစားလို့ ရတာတွေ ပြောပြလိုက်ပါတယ်........။ မိန်းကလေးများ....သတိ...သတိ...သတိ..


အဆိုးအားဖြင့်အရှုံးမခံနှင့်အကောင်းအားဖြင့် အဆိုးကိုနိုင်လော့..

No comments:

Post a Comment