Saturday, April 13, 2013

ဒိဋ္ဌိဘယ်ကစဖြစ်

ဟုတ်တယ် မှန်တယ် အကျိုးရှိတယ် သူတပါးမကြိုက်ဘူး
ဟုတ်တယ် မှန်တယ် အကျိုးရှိတယ် သူတပါးကြိုက်တယ်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ၄၅ ၀ါ ကာလပါတ်လုံး ဒီစကားနှစ်မျိုးတဲကို ပြောသွားတာပါ ဟုတ်တယ် မှန်တယ် အကျိုးလည်းရှိတယ် သူတပါး မုန်းခြင်မုန်းပါစေ အချိန်ကာလကို ကြည့်ပြီးပြောပါတယ် နောက်တစ်မျိးက ဟုတ်တယ်မှန်တယ် အကျိုးရှိတယ်သူတပါးလည်း နှစ်သက်တယ် ဒီစကားကိုလည်း ဆိုခွင့်ကာလကို မလွန်စေဘဲ ပြောပါတယ် သစ်ပင်က သစ်ရွက်လေးတွေ ကြွေနေတာကို သစ်ရွက်ကြွေနေတယ်လို့ဘုရား မပြောပါဘူး ဟုတ်လည်းဟုတ်ပါတယ် မှန်လည်းမှန်ပါတယ် ဒါပေမယ့်
အကျိုးမရှိလို့ ဒီလိုစကားမျိုး ဘုရားရှင်ကိုယ်တော်မြတ်ကြီးမပြောပါဘူး သစ်ရွက်ကလေးတွေ အနိစ္စ ရောက်နေတယ်လို့ ဆိုပါတယ် အနိစ္စ ကိုပြတဲ့အတွက် အကျိုးရှိပါတယ့် မြတ်စွာဘုရားရှင် ကိုယ်တောမြတ်ကြီးက သူတပါးမကြိုက်ဘဲ ဘာကြောင့်ပြောရသလည်းဆိုတော့ ဒါလေးမှ သိမသွားရင် တွေ့ရမယ့်ဒုက္ခတွေကို မြင်ပြီးသနားလို့ပြောတာပါ အခုလည်း ဘုရားစကား ဆရာတော်ကြီးတွေရဲ့ စကားကို ငှားပြီး ဆွေးနွေး ပါ့မယ် ကြိုက်တာတွေပါသလို ကိုယ်နဲ့သဟဇာတ မဖြစ်တဲ့စကားလုန်းတွေလည်း ပါကောင်း ပါ ပါလိမ့်မယ့် ဒါပေမယ့် ရည်ရွယ်ချက်ကတော့ အားလုံးအပေါ်အတူတူပါ ကိုယ့်ဘာသာကိုချစ်ရင် ကိုယ်ဘာသာရဲ့အနှစ်ကဘာလည်းဆိုတာကို သိဘို့လိုပါတယ် သူခိုးဝင်မှာကြောက်ရင်တော့ ကိုယ့်ခြံကို လုံအောင်ကာရပါလိမ့်မယ် ဗုဒ်ဓဘာသာဆိုတဲ့ အသိုင်းအ၀ိုင်းကြီးကို ကာကွယ်ခြင်ရင်တော့ ဗုဒ်ဓဘာသာရဲ့ အနှစ်တရားတော်တွေ ကဘာလည်းဆိုတာကို သိကိုသိရပါ့မယ် အပေါ်ယံလေးသိနေယုံလောက်နဲ့ မကာကွယ်နိုင်သေးပါဘူး ဘာလို့လည်းဆိုတော့ ကိုယ်တိုင်ကအသိမမြဲသေးလို့ပါ ဥပမာ
ဝါဂွမ်းလေးကို တောင်ဘက်ကလေနဲ့မှုတ်လိုက်ရင် မြောက်ဘက်ကိုရွေ့ရတယ် မြောက်ကဘက်မှုတ် လိုက်ရင်လည်း တောင်ဘက်ကိုလားရတယ် ဒီလိုပါဘဲ ကိုယ်တိုင်သေသေခြာခြာ မသိသေးရင် သူများပြောသမျှနားယောင်ပြီး မတည်ညိမ်နိုင် သေးပါဘူး ဒါကြောင့်ကိုယ်တိုင်တည်ညိမ်သူဖြစ်အောင် အရင်ကြိုးစားရမှာပါ ကိုင်းဗျာ ခြေဆင်းစကားတွေများနေပါပြီ လိုရင်းကိုသွားကြပါစို့ ကျွန်တော်တို့အားလုံးက လေဘနယ် ဒေါသနယ် မောဟနယ်က မထွက်နိုင်သေးတဲ့ ပုထုဇဉ်တွေပါ ပုထုဇဉ်ရဲ့ စိတ်ထဲ မှ အရိယာစိတ်လုံးဝမပေါ်နှိုင်ပါဘူး ဒါပေမယ့် ကိုယ်က ဘယ်လိုပုထုဇဉ်လည်း အန်ဓ ပုထုဇဉ်လား ကလျာဏ ပုထုဇဉ်လားဆိုတာကိုတော့
ကွဲကွဲပြားပြား သိဘို့လိုပါလိမ့်မယ် (ပုထုဇဉ်နှစ်မျိုးကို နောက်ပို့စ် တွင်တင်ပြပါ့မည်) အန်ဓ ပုထုဇဉ်တွေက တဏှာ မာန ဒိဌိ ခိုင်းတာတွေ လုပ်ပါတယ် ကလျာဏ ပုထုဇဉ်ကတော့ ကလျာဏ ဆိုတဲ့သူတော်ကောင်းတရား (၀ါ) မြတ်စွာဘုရားရဲ့သာသနာအစစ်ကို ကိန်းပြီး ဥာဏ်ရှေ့သွားနဲ့ အလုပ်လုပ်ပါတယ် ဒီနေရာမှာ ၀ိပဿနာ ဥာဏ်ကိုဆိုလိုတာပါ အပုတ်ကောင်ကြီး (၀ါ) အလောင်းကောင်ကြီးမှန်းသိပြီး လုပ်တော့လုပ်ပေးရမှဘဲ ဒါပေမယ့် တဏှာနဲ့ မလုပ်ပါဘူး ဥာဏ်နဲ့ လုပ်ပါတယ် ဒီလို ဥာဏ် ဦးစီးနိုင်ဘို့အတွက် အသိမှား အမှတ်မှား အယူမှားတွေကို အရင်ဆုံး မှန်အောင်ပြင်ရမှာပါ ယောနိသော မနသီကာရ ဖြစ်အောင် နှလုံးသွင်းမှန်အောင် အဆုံးလုပ်ရမှာပါ ပထမအဆင့်အနေနဲ့ အယုမှားကို အရင်ပြင်ရမယ် အယူမှးဆိုတာက ဒိဌိကို ဆိုပါတယ် ဒိဌိကလည်း (၆၂) ပါးတောင်ရှိတာ အသက်ကလည်း ကွေးသောလက်မဆန့်မှိ ဆန့်သောလက်မကွေးမှိလိုဆိုတော့ သတ်မှသတ်နိုင်ပါ့မလားလို့ တွေးစရာလည်းရှိပါတယ် ဒါပေမယ့် ဒိဌိ ၆၂ ပါး ဘယ်လောက် များနေပါစေ သက္ကာယ ဒိဌိ ဥစ္ဆေဒ ဒိဌိ သဿတ ဒိဌိ ဆိုတဲ့ ဒိဌိသုံးပါးကို ပယ်သတ်နိုင်ရင် ကျန်သော ဒိဌိ အားလုံး သေပါတယ် တစ်ခုခြင်းနာလည်အောင် အတတ်နိုင်ဆုံး ရှင်းပြပေးပါ့မယ် သက္ကာယဆိုတာက အထင်အရှားရှိတာကို သက္ကာယ လို့ခေါ်ပါတယ် ဒိဌိ ဆိုတာက အယူမှားတာပါ သဿတဒိဌိ ဆိုတာက အဲဒီ အထင်အရှားရှိတဲ့တရားကို ခိုင်တယ် မြဲတယ် မပျက်နိုင်ဘူး လို့ ယူလိုက်တာပါ ဥစ္ဆေဒ ဒိဌိဆိုတာက ပျက်ပြီးရင် ဘာမှဖြစ်တော့ဘူး ဒီဘ၀ ဒီကိုယ်နဲ့စံ နောင်ဘ၀နောင်ကိုယ်နဲ့ခံ ဆိုတာ ဥစ္ဆေဒ ဒိဌိပါ ဒိဌိမှ မပြုတ်သေးရင် ဒါနပြုလည်းစိတ်မခြရသေးပါဘူး သီလစောင့်လည်းစိတ်မခြရသေးပါဘူး မေတ္တာတွေပို့ ပုတီးတွေစိတ်နေလည်း စိတ်မခြရသေးပါဘူး နောက်ဆုံး တစ်ကြောင်းတည်းနဲ့ နိဗ်ဗါန်ကို အရောက်ပို့ပေးမယ့် ၀ိပဿနာတရားအားထုတ်တာတောင်မှ လမ်းစဉ်မမှန်သေးပါဘူး ဒုက္ခလွတ်တဲ့နေရာကိုတားမှာကလည်း ဒိဌိပါ ဒုက္ခရောက်မယ့်နေရာကို ပို့မှာလည်းဒိဌိပါ ဒီနေရာမှာတစ်ခုပြောခြင်တာက အခုပြောနေတဲ့ ဒိဌိဆိုတာ သမ္မာဒိဌိကို မဆိုလိုပါဘူး မိတ်ဆာဒိဌိကိုပြောတာပါ ဒုက္ခတွေ့သမျှ ကိုယ်မဖြစ်ခြင်တာတွေ ဖြစ်ရသမျှ အားလုံးရဲ့ တရားခံက ဒိဌိပါ အရင်တုန်းကတော့ သူကြောင့် ဟိုဘက်အိမ်ကလူကြောင့် ငါ့ကိုမနာလိုတဲ့ သူကြောင့်လို့ ထင်ခဲ့သမျှ တက်တက်စင်အောင်လွဲပါတယ် ရန်သူမှန်းသိရင် လက်သတ်မွေးနေလို့ မရတော့ပါဘူး မဖြစ် ဖြစ်တဲ့နည်းနဲ့သတ် ရတော့မယ် ဒီတော့ ဒီ ဒိဌိက ဘယ်ကနေစဖြစ်တာတုန်း မိုးပေါ်ကကြလာရင် အဲဒီကြတဲ့အချိန်မှာသတ်ရမယ် မြေကြီးထဲကထွက်လာရင် ထွက်လာတဲ့အချိန်သတ်ရမယ် ဒီတော့ ဒိဌိဖြစ်ကြောင်းတရားကို ရှာဘို့လိုပါပြီ အလိုလိုဖြစ်လာတဲ့အရာဘာမှမရှိတဲ့အတွက် သူမှာလည်း အကြောင်းတရားရှိမှာပါ အကြောင်းကို ရှာလိုက်တော့ ရှစ်မျိုးတောင်တွေ့တယ်ဗျာ
၁။ ခန္ဓာ ၂။ အ၀ိဇ္ဇာ ၃။ ဖဿ ၄။ သညာ ၅။ တက္ကော ၆။ အယောနိသော ၇။ ဒုမ္မိတ္တော ၈။ ပရသောဂေါသော လို့ ရှစ်ပါး ရှိပါတယ်
၁။ ခန္ဓာ မိမိသန္တန်မှာ ခန္ဓာ ရှိပါလျှက်နဲ့ အမှန်မမြင်ရင်လည်း ဒိဌိ ဖြစ်ပါတယ်
၂။ အ၀ိဇ္ဇာ ရဲ့သဘောက သစ္စာလေးပါး အမှန်တရားကိုမသိတာ တနည်းအားဖြင့် မှန်တာကို မသိမမှန်တာကိုသိနေတဲ့ သဘောကြောင့်လည်း ဒိဌိဖြစ်ပါတယ်
၃။ဖဿ ဆိုတာက အာရုံနဲ့ဒွါယကိုတိုက်ပေးတာ အဆင်းနဲ့ မျက်လုံးနဲ့ပေါ့ဗျာ အစရှိသဖြင့် အဲဒီအချိန်မှာလည်း ဒိဌိကဖြစ်ပါတယ်
၎။သညာ မှတ်သားထားတာတွေပါ အဖေလို့မှတ် အမေလို့မှတ် သားလို့မှတ် သမီးလို့မှတ် အဲဒီအမှတ်တွေးမှားလို့လည်း ဒိဌိဖြစ်ပါတယ်
၅။တက္ကော ဆိုတာက ကြံစည်တာပါ အကြံအစည်တွေမှားလို့လည်း ဒိဌိဖြစ်ပါတယ်
၆။အယောနိသော ဆိုတာက နှလုံးသွင်းမှားတာပါ မရှိတာကိုအရှိလုပ်ပြီး နှလုံးသွင်းမှားနေရင်လည်း ဒိဌိဖြစ်ပါတယ်
၇။ဒုမ္မိတ္တသော ဆိုတာက မကောင်းတဲ့ မိတ်ဆွေပါ မကောင်းတဲ့မိတ်ဆွေရဲ့ လမ်းပြမှုနောက်ကိုလိုက်လို့လည်း ဒိဌိဖြစ်ပါတယ်
၈။ပရသောဂေါသော ဆိုတာ သူများပါးစပ်မှာ လမ်းဆုံးတာကိုဆိုတာပါ သူများပါးစပ်မှာလမ်းဆုံးနေတာ့ ကိုယ့်ဥာဏ်က မရောက်တော့ဒိဌိဖြစ်တာပါ ဒီနေရာမှာ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဖွင့်ဆိုတာ ကိုဆွေးလိုပါတယ် တရားနာမှားလို့ ဒိဌိ ဖြစ်တယ်တဲ့ တရားနာတာဘဲ မှားတယ်လို့ရှိသေးလားလို့ထင်စရာပါ မြတ်စွာဘုရားက ဒေသနာနှစ် မျိုးနဲ့ ဟောပါတယ် ဥာဏ်နုတဲ့သူတွေ အတွက် ဆောင်ပြီးတော့ ဟောတဲ့တရားကတစ်မျိုး တိုက်ရိုက်ဟောတဲ့တရားက တစ်မျိုး ရှိပါတယ် ဥပမာဗျာ ဘယ်မင်းကြီးကတော့ ဘယ်တိုင်းပြည်မှာ ဘာတွေလှူလို့ နတ်ပြည်မှာ နတ်သမီးက ဘယ်နှစ်ယောက်နဲ့ဆိုတော့ တကယ်မရှိတဲ့ မင်းကြီးတွေ လူတွေ နတ်တွေကို တကယ်လို့ယူလိုက်ရင် သူမှားပါးစပ်မှာလမ်းဆုံးပြီး ဆောင်ဟောတဲ့တရားကို တိုက်ရိုက်ယူလိုက်တော့ ဒိဌိ ဖြစ်တော့တာပေါ့ သုတ္တန်တရားတွေကလည်း ဘုရားဟောခဲ့တာပါ နာကောင်းပါတယ် ဒါပေမယ့် ဆောင်ဟောတဲ့တရားမှန်းသိရမယ် ဒါကြောင့် အထည်ကိုပြဟောတဲ့တရားတွေကို တရားပွဲပြီးရင် အထည်ဖျောက်ပြီးတော့ အဘိဓမ္မာနဲ့ လက်စသတ်ရပါ့တယ် ဒါကြောင့် သုတ္တန်ဟောတဲ့ဆရာတော်တွေက ကုသလာ ဓမ္မာ အကုသလာဓမ္မာ အဗျာကတာ ဓမ္မာ လို့ တရားနိဂုံးချုပ်ပါတယ် နည်းနည်းရှည်သွားပြီဗျ ဒိဌိဖြစ်ကြောင်းကိုတော့သိပြီး အကြောင်းကိုသတ်မှရမှာနော် အကြောင်းကလည်း ရှစ်မျိုးကြီးလို့ ဈေးဆစ်ကြဦးမှာလား ကိုင်းရှော့တာပေါ့ အကြောင်းရှစ်ပါးဘယ်လောက်ပင်များပါစေ ခန်ဓါ ကို အမှန်မြင်ရင် ဒိဌိ ပြုတ်ပါတယ်ဗျာ ခန်ဓါကို အမှန်မြင်ဘို့ဆိုတော့ ခန်ဓါကလည်း နှစ်မျိုးရှိတယ်ဗျ အခေါ်ရှိ ခန်ဓါက တစ်မျိုး တကယ်ရှိခန်ဓါက တစ်မျိုးပါ နောက်ရက်မှပေါ့ဗျာ အချိန်ကောင်းကိုအလွဲသုံးစားမဖြစ်ကြပါစေနဲ့လို့ ဆုတောင်းရင်း

No comments:

Post a Comment