Monday, October 15, 2012

ကိုရီးယားမြန်မာ တိုက်ရိုက်လေယာဉ် ခရီးစဉ်ရှိရက်များနှင့် အချိန်ဇယား

ကိုရီးယား လေကြောင်းလိုင်း(KAL)မှ လာမည့် စက်တင်ဘာလ (၁၃)ရက်နေ့မှ စတင်၍ ၊ အင်ချောန်း-ရန်ကုန် -ရန်ကုန် - အင်ချောန်း အသွားအပြန် တိုက်ရိုက်ခရီးစဉ်များကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ စက်တင်္ဘာလအတွင်း ခရီးစဉ်ရှိမည့်ရက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
13, 15, 16, 18, 20, 22, 23, 25, 27, 29, 30
အင်ချောန်းလေဆိပ်မှ ညနေ (၆)နာရီ (၅)မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်လေဆိပ်သို့ ည (၉)နာရီ (၄၀)မိနစ်(မြန်မာစံတော်ချိန်)တွင် ဆိုက်ရောက်မည်ဖြစ်သည်။
ရန်ကုန်လေဆိပ်မှ ည(၁၁)နာရီ (၂၀)မိနစ်တွင် ပြန်လည် ထွက်ခွာပြီး နောက်တစ်ရက် မနက် (၇)နာရီ (၄၀) မိနစ် (ကိုရီးယားစံတော်ချိန်)တွင် အင်ချောန်းလေဆိပ်သို့ ဆိုက်ရောက်မည် ဖြစ်သည် ။
ပြေးဆွဲမည့် လေယာဉ် အမျိုးအစားမှာ ခရီးသည် (၁၃၈) ဦး စီးနင်းနိုင်သည့် B737-800 ဖြစ်ကြောင်း ၊ ယခုအခါ စက်တင်္ဘာလအတွင်း အသွားအပြန်ကြိုတင် လက်မှတ်များ ကုန်နေပြီဖြစ်ကြောင်းလည်း သိရသည် ။


ရည်ညွှန်းသတင်းများ-
http://burmainfokorea.blogspot.kr/2012/06/blog-post_26.html
http://news.mk.co.kr/v3/view.php?sc=30000001&cm=%C7%EC%B5%E5%B6%F3%C0%CE&year=2012&no=386016&relatedcode=&sID=300

                                                                                        မြင့်ကြိုင်

No comments:

Post a Comment