Saturday, September 22, 2012

EPS ခေတ်သစ်ကျွန်စနစ်ဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ မြင်ကွင်း

ဒီနေ့ နေ့လယ် ၃နာရီမှ ညနေ ၆နာရီအထိ ဆိုလ်းမြို့လယ်ခေါင်တွင် ကျင်းပပြီးစီးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်
သမား ဆန္ဒပြပွဲမှာ ရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်တဲ့ကိုရီးယားနဲ့ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်ကြသူများအနက် လူဦးရေ အများဆုံး တက်ရောက်လာကြတဲ့ ကမ်ဘောဒီးယား
 နိုင်ငံသားများဟာ ဆိုရင် ဆန္ဒပြသမည့် သတင်းကို အင်တာနက်မှ တဆင့် တွေ့ရှိပြီး  မိမိတို့ နီးစပ်ရာ လူစုပြီး ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာကြကြောင်း သိရှိရတယ်။
ဒီတကြိမ်ဆန္ဒပြပွဲမှာ တက်ရောက်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ဦးရေဟာ ယခုနှစ်အတွင်း ကျင်းပပြီးစီးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားဆန္ဒပြပွဲများရဲ့ လူဦးရေထက် ပိုမိုများပြားခဲ့ပါတယ်။
ဆန္ဒပြပွဲကို တက်ရောက်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများဟာ မိမိတို့ခံစားနေကြရတဲ့ အီးပီအက်စ် စနစ်အောက် အခြေအနေဆိုးများကို ရင်ဖွင့်ပြောဆိုကြပါတယ်။
တက်ရောက်သူများဟာ လက်ရှိ ခေတ်သစ်ကျွန်စနစ်ဖြစ်တဲ့ အီးပီးအက်စ်စနစ်ကို ဖျက်သိမ်းရေး၊ အလုပ်သမားအခွင့်အရေးရရှိရေးတို့အား တောင်းဆိုခဲ့ကြပြီး ကျင်းပရာနေရာမှ ဆိုးလ်မြို့တွင်း လှည့်လည် လမ်းလျှောက်ဆန္ဒပြကာ ကျော်ကြားတဲ့ မြောင်ဒုန်ဘုရားကျောင်းရှေ့မှာ ရပ်တန့်ပြီး လူစုခွဲခဲ့ကြ ပါတယ်။





No comments:

Post a Comment