Wednesday, July 4, 2012

iPhone တစ်လုံး လုံး မြန်မာလိုပြရန် ပြုပြင်နည်း




iPhone တစ်လုံးလုံးရဲ့  System Default font တွေကို မြန်မာဖောင့် နဲ့  နှစ်သက်ရာ ခေါ်အဝေါ်လေးတွေကို စိတ်ကြိုက် ပြောင်းနိုင်မယ့် နည်းလမ်းလေးကို သိချင်လို့  ကျွန်တော့်ထံ မေးလာခဲ့တဲ့ "aprilone86" နှင့်တစ်ကွ iPhone ကိုသူများနှင့် မတူအောင် တစ်မူထူးပြီး ကလိချင်ကြတဲ့ မိတ်ဆွေများ အတွက် တင်ပြပေးလိုက်ပါတယ်။
သတိပေးချက်
ယခုနည်းလမ်းကို လုပ်ဆောင်ရာတွင် နမူနာ အနေနှင့် အနည်းငယ်သာ ပြောင်းလဲ ဖော်ပြသွားမှာ ဖြစ်တဲ့
အတွက် ထပ်မံ၍ မိမိ စိတ်ကြိုက် လိုက်လံပြုပြင်ရာတွင် အမှားယွင်း တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ကာယကံရှင်
၏ တာဝန်သာ ဖြစ်ပါလိမ့်မည်။
########################################################
လိုအပ်ချက်များ
> Jailbroken iPhone ဖြစ်ရပါမယ်။
> Microsoft Word
> iPhone Explorer (သို့ ) iFun Box
( iPhone Explorer ဒေါင်းချင်သူများ မောင်သက်နှင်း၏ စေတနာပါ..။ Download HERE )

ဤနည်းလမ်းကို တင်ပြရာတွင် screen shot အနေနှင့် "iPhone Explorer" ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ "iFun
Box" သုံးသူများ အတွက် File လမ်းကြောင်း အတူတူပင် ဖြစ်လို့ စိုးရိမ်စရာမရှိပါ။

အဆင့် (၁)
ပထမဦးစွာ iPhone ကို USB အသုံးပြု၍ PC နှင့် ချိပ်ဆက်ပါ။
အဆင့် (၂)
iPhone Explorer (သို့ ) iFun Box ကို Run ပါ။
အဆင့် (၃)
iPhone Explorer ၏ ဘယ်ဘက် ကော်လံရှိ "Root Directory" ကို ရွေးပြီး ညာဘက် ကော်လံရှိ "System" folder ကို ဖွင့်ပါ။


အဆင့် (၄)

"System" folder ထဲတွင် "Library" folder ကို တွေ့ ပါမည်။ "Library" folder ကို ဖွင့်ပါ။





အဆင့် (၅)

"Library" folder တွင်းရှိ "CoreServices" folder ကို ထပ်ဖွင့်ပါ။






အဆင့် (၆)

"CoreServices" folder တွင်းမှ "SpringBoard.app" folder ကို ဖွင့်ပါ။





အဆင့် (၇)

"SpringBoard.app" folder ထဲမှ "English.lproj" folder ကို ထပ်မံဖွင့်ပါ။





အဆင့် (၈)

"English.lproj" folder ထဲရှိ "SpringBoard.strings" file ကို Copy ကူးပြီး Desktop တွင် Paste လုပ်ပါ။
Desktop တွင် Paste လုပ်ထားသော ယင်း File ကိုပင် မပြုပြင်သေးခင် အခြား သီးသန့်  Folder တစ်ခုဆောက်ပြီး Backup အနေနဲ့  ထပ် Save ထားပါ။






အဆင့် (၉)

Desktop တွင်ရှိသော "SpringBoard.strings" file ကို Right click, Open with Microsoft Office Word ရွေးပြီး ဖွင့်ပါ။ Unicode ပြောင်းရန် ရွေးခိုင်းပါက "Ok" သာနှိပ်ပါ။

အဆင့် (၁၀)

အောက်ပါပုံတွင် တွေ့ ရသော စာသားများ အတိုင်း တွေ့ ရပေလိမ့်မည်။ 
- ပထမဦးစွာ Text များအားလုံးကို Select All (Ctrl+A) နဲ့ ရွေးပြီး Font ကို "Zawgyi-One" ပြောင်းလိုက်ပါ။





အဆင့် (၁၁)

စာသားများကို မြန်မာလို စိတ်ကြိုက်ပြောင်းရာတွင် = ၏ ညာဘက် " xxx " အတွင်းမှ စာသားများကိုသာ ပြုပြင်ရပါမည်။
ဥပမာ။ ။ "AWAY_LOCK_LABEL" = "slide to unlock"; အတွက် "AWAY_LOCK_LABEL" = "သက်နှင်း"; ဟုသာ ပြောင်းလဲပါ။


အဆင့် (၁၂)



အားလုံး စိတ်ကြိုက် ပြောင်းပြီးပါက "Save" လုပ်ပါ pop up message တက်လာပါက "Yes" ကိုသာနှိပ်ပါ။

အဆင့် (၁၃)

Desktop တွင်ရှိသော ပြုပြင်ပြီးသား "SpringBoard.strings" file ကို iPhone Explorer တွင် ကူးယူခဲ့သော File လမ်းကြောင်း အတွင်းသို့  "Drag and Drop" ချပြီး copy လုပ်လိုက်ပါ။
File လမ်းကြောင်း အစ/အဆုံးမှာ " /System/Library/CoreServices/SpringBoard.app/English.lproj/ " ပဲဖြစ်ပါတယ်။

အဆင့် (၁၄)

iPhone ကို Reboot လုပ်ပါ။ 


ဖုန်းပြန်တက်လာပါက သင့်စိတ်ကြိုက် ပြုပြင်ထားသော မြန်မာစာသားလေးများနှင့် တွေ့ ရပါလိမ့်မယ်။




Icon အမည်လေးတွေကို့ မြန်မာလို ပြောင်းရန်...

Cydia -> Search တွင် Icon Renamer ဟုရိုက်ရှာပြီး Install လုပ်ပါ။ Reboot လုပ်ပါ။

icon အမည်လေးတွေ ပြောင်းရန်အတွက် မိမိပြောင်းလိုသော App icon ကို long press ဖိထားပါ။
icon လေးတွေ လှုပ်တုပ် လှုပ်တုပ် ဖြစ်လာပါက နောက်တစ်ချက် ထပ်နှိပ်လိုက်ပါ ဒါဆိုရင် အမည်ပြောင်းဖို့  Box ကျလာပါလိမ့်မယ်။


ကိုင်း...
အခုလောက် လေကျောရှည်ပီးရင်တော့
အဆင်ပြေလောက်ပီထင်ပါတယ်ခင်ဗျား....
အခုထက် ရှင်းရှင်းလင်းလင်း သိချင်ပါသေးတယ် ဆိုရင် အနော် အမြဲအားပေးတဲ့
ဒီပို့လေးရဲ့ မူရင်းဖြစ်သော အကိုမိုးသိကြားဆိုဒ်မှာ သွားရောက်လေ့လာ မေးမြန်း နိုင်ပါတယ်ခင်ဗျာ..။
အားလုံး အဆင်ပြေမယ်လို့ ထင်ပါတယ်....
အနော့်ဖုန်း အဆင်ပြေသွားကြောင်း ပုံလေးတွေပါ...။ နမူနာ ပြခြင်းပါခညာ..။



နောက်တပုံကတော့ မဆဲရဘူးနော်
ခိခိ



ဒီပို့စ်တင်နေတုန်း ဖုန်ဆက်ရန် အချိန်ကျရောက် လာပါသဖြင့် ချစ်ဇနီးလေးဆီ Call တော်မူနေခြင်း ဖြစ်ပါတယ်..
အားလုံး အဆင်ပြေ ပျော်ရွှင်လို့ ကမ္ဘာအလယ်မှာ မြန်မာတွေ နောက်မကျရလေအောင် ကြိုးစားပေးနေတဲ့
အကိုမိုးသကြား ဆိုဒ်မှာလဲ သွားရောက်လေ့လာနိုင်ကြပါတယ်ခင်ဗျား....။




No comments:

Post a Comment