Saturday, April 13, 2013

ကာယာနုပဿနာကျမ်းမှနှာခေါင်းအကြောင်းကိုလေ့လာကြည့်ခြင်း

ဃာနပသာဒရုပ်
        ဃာနပသာဒရုပ်ဟူသည် နှာခေါင်းတွင်း၌ ကြည်လင်ခြင်းသဘော၊ ဤဃာန၌လည်း စက္ခုမှာကဲ့သို့ သသမ္ဘာရနှာခေါင်းပေါက်၏ အတွင်းဆိတ်ခြေသဏ္ဍန်ရှိသောအရပ်၌ စက္ခုသောတတို့တွင် ဆိုခဲ့ပြီးသော အပြားအတိုင်း ဓာတ်လေးပါး အစရှိသည်တို့သည် ကျေးဇူးပြုလျက်ထောက်ပံ့စောင့်ရှောက်ခြံရံလျက်  ဃာနဝိဥာဉ် စသည်တို့၏ ဝတ္ထုဒွါရအဖြစ်ကို ပြီးစေလျက် ဃာနပသာဒရုပ်မည်၏ ။
လက္ခဏာစသည်လေးပါး
(၁)ဂန္ဓာရုံ၌ ထိခိုက်တတ်သော ဂန္ဓာရုံ၏ ထိခိုက်ရန်ဖြစ်သော ဘူတရုပ်လေးခုတို့၏ ကြည်လင်ခြင်း လက္ခဏာသည် ဃာနပသာဒရုပ်မည်၏ ။ (သို့မဟုတ်) နမ်းလိုရှုလိုသော  ဘဝတဏှာကြောင့်ဖြစ်သော ကမ္မဘူတရုပ်တို့၏ ကြည်လင်ခြင်းလက္ခဏာရှိ၏ ။
(၂)ပုဂ္ဂိုလ်ကို လည်းကောင်း၊ ဃာနဝိဥာဉ်ကိုလည်းကောင်း၊ အနံ့ကိုရှုရနမ်းရအောင် ဆွဲငင်ခြင်းကိစ္စရသရှိ၏ ။
(၃) ဃာနဝိဥာဉ်၏တည်ရာအဖြစ်ဖြင့် ရှေးရှုထင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏ ။
(၄)်အနံ့ကို နမ်းလိုရှုလိုသော ဘဝတဏှာကြောင့်ဖြစ်သော ကမ္မဇဘူတရုပ်တို့သည် နီးစွာသောဖြစ်ကြောင်း ပဒဋ္ဌာန်ဖြစ်၏ ။
ဤကား အဋ္ဌကထာ ဋီကာတို့တွင် ဆိုသောစကားတည်း။

ဒိဋ္ဌိဘယ်ကစဖြစ်

ဟုတ်တယ် မှန်တယ် အကျိုးရှိတယ် သူတပါးမကြိုက်ဘူး
ဟုတ်တယ် မှန်တယ် အကျိုးရှိတယ် သူတပါးကြိုက်တယ်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ၄၅ ၀ါ ကာလပါတ်လုံး ဒီစကားနှစ်မျိုးတဲကို ပြောသွားတာပါ ဟုတ်တယ် မှန်တယ် အကျိုးလည်းရှိတယ် သူတပါး မုန်းခြင်မုန်းပါစေ အချိန်ကာလကို ကြည့်ပြီးပြောပါတယ် နောက်တစ်မျိးက ဟုတ်တယ်မှန်တယ် အကျိုးရှိတယ်သူတပါးလည်း နှစ်သက်တယ် ဒီစကားကိုလည်း ဆိုခွင့်ကာလကို မလွန်စေဘဲ ပြောပါတယ် သစ်ပင်က သစ်ရွက်လေးတွေ ကြွေနေတာကို သစ်ရွက်ကြွေနေတယ်လို့ဘုရား မပြောပါဘူး ဟုတ်လည်းဟုတ်ပါတယ် မှန်လည်းမှန်ပါတယ် ဒါပေမယ့်
အကျိုးမရှိလို့ ဒီလိုစကားမျိုး ဘုရားရှင်ကိုယ်တော်မြတ်ကြီးမပြောပါဘူး သစ်ရွက်ကလေးတွေ အနိစ္စ ရောက်နေတယ်လို့ ဆိုပါတယ် အနိစ္စ ကိုပြတဲ့အတွက် အကျိုးရှိပါတယ့် မြတ်စွာဘုရားရှင် ကိုယ်တောမြတ်ကြီးက သူတပါးမကြိုက်ဘဲ ဘာကြောင့်ပြောရသလည်းဆိုတော့ ဒါလေးမှ သိမသွားရင် တွေ့ရမယ့်ဒုက္ခတွေကို မြင်ပြီးသနားလို့ပြောတာပါ အခုလည်း ဘုရားစကား ဆရာတော်ကြီးတွေရဲ့ စကားကို ငှားပြီး ဆွေးနွေး ပါ့မယ် ကြိုက်တာတွေပါသလို ကိုယ်နဲ့သဟဇာတ မဖြစ်တဲ့စကားလုန်းတွေလည်း ပါကောင်း ပါ ပါလိမ့်မယ့် ဒါပေမယ့် ရည်ရွယ်ချက်ကတော့ အားလုံးအပေါ်အတူတူပါ ကိုယ့်ဘာသာကိုချစ်ရင် ကိုယ်ဘာသာရဲ့အနှစ်ကဘာလည်းဆိုတာကို သိဘို့လိုပါတယ် သူခိုးဝင်မှာကြောက်ရင်တော့ ကိုယ့်ခြံကို လုံအောင်ကာရပါလိမ့်မယ် ဗုဒ်ဓဘာသာဆိုတဲ့ အသိုင်းအ၀ိုင်းကြီးကို ကာကွယ်ခြင်ရင်တော့ ဗုဒ်ဓဘာသာရဲ့ အနှစ်တရားတော်တွေ ကဘာလည်းဆိုတာကို သိကိုသိရပါ့မယ် အပေါ်ယံလေးသိနေယုံလောက်နဲ့ မကာကွယ်နိုင်သေးပါဘူး ဘာလို့လည်းဆိုတော့ ကိုယ်တိုင်ကအသိမမြဲသေးလို့ပါ ဥပမာ

Sunday, April 7, 2013

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး




ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး

ဝဋ်လိုက်တယ်...၀ဋ်လည်တယ်ဆိုတာ

* ၀ဋ်လိုက်တယ်...၀ဋ်လည်တယ်ဆိုတာ တခြားကိုပြောတာမဟုတ်ဘူး....... *

* သူများကို ခြောက်ရင် - ကိုယ်ကြောက်ရတတ်တယ် ...။

* သူများကို လှန့်ရင် - ကိုယ်လန့်ရတတ်တယ် ...။

* သူများကို အနိုင်ကျင့်ရင် - ကိုယ်အနိုင်ကျင့်ခံရတတ်၊ ကိုယ့်ကိုနိုင်မယ့် လူ ပေါ်လာတတ်တယ် ...။

* သူများကို ဒုက္ခပေးရင် - ကိုယ်ဒုက္ခရောက်တတ်တယ် ...။

* သူများကို စိတ်ဆင်းရဲအောင်လုပ်ရင် - ကိုယ်စိတ်ဆင်းရဲရတတ်တယ် ...။

* သူများချမ်းသာတာကို မနာလိုဝန်တိုစိတ်နဲ့ မချမ်းသာစေလိုချင်ရင် - ကိုယ် ဆင်းရဲတတ်တယ် ...။

* သူများဂုဏ်ကို နှိမ့်ချရင် - ကိုယ့်ဂုဏ်နိမ့်ကျတတ်တယ် ...။

* သူများကို မကောင်းကြံရင် - ကိုယ်ဘေးဒဏ်ထိတတ်တယ် ...။

* ဤလောက၁္ခ် သူတစ်ပါးကို စိတ်ချမ်းသာအောင် လုပ်ပေးရတာလောက် စိတ်ချမ်းသာစရာ ကောင်းတာမရှိ ...။

ဆရာတော် http://www.facebook.com/ashin.uttamasara (Ashin Uttamasara)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~
>နှလုံးသား၏ ဓမ္မသံစဉ်<

ဗုဒ္ဓဘာသာလူမျိုးတိုင်း သိသင့်တဲ့အချက်တွေ

ဗုဒ္ဓဘာသာလူမျိုးတိုင်း သိသင့်တဲ့အချက်တွေထင်လို့ တင်ပေးလိုက်တာပါ...

ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့ မေးခွန်းတွေမေးလာခဲ့ရင် ပြန်လည်ဖြေကြားနိုင်ရန်အတွက် ဒီပိုစ့်ကို ထပ်ဆင့်မျှဝေ ပေးလိုက်ပါသည်..။။
(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

Saturday, April 6, 2013

Memory Stick မှာ Virus ကိုက်လို့ ပျောက်နေတဲ့ File တွေကို ဘယ်လို ပြန်ဖော်မလဲ

 
 မိမွန်: Memory Stick မှာ Virus ထိပီး ဖိုင်တွေ တစစီ ပျက်စီးသွားလို့ ကူညီကြပါ ..
 
ကဲ..သူငယ်ချင်းတို့………….
ဒီတစ်ခါ ကျွန်တော် တင်ပေးလိုက်တာက…တစ်ခါတစ်လေ memory stick တွေမှာ virus ကိုက်လို့  folder တွေ လုံးဝပျောက်နေတာကို ပြန်ဖော်တဲ့ နည်းလေးပါ။။။။ သိပြီးသားလူတွေလည်း ရှိမှာပါ..ဒါပေမယ့် မသိသေးတဲ့ ဘော်ဘော်တွေ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ်…
….အားလုံး အဆင်ပြေပါစေဗျာ…..:)