Tuesday, November 6, 2012

ဘယ်သူပြိုင်လို့ နိုင်ပါ့မယ်

သူငယ်ချင်း နှစ်ယောက်… တစ်ယောက်က အသောက်အစား အပျော်အပါးမှာ ဝါသနာထုံပြီး တစ်ယောက်ကတော့ အေးအေးဆေးဆေး နေတတ်ကာ စာဖတ်၊ သူချင်းနားထောင်၊ အင်တာနက်ထိုင်၊ တစ်ခါတလေ တရားနာ၊ တရားစာဖတ် နေလေ့ရှိတတ်သူ။ မတူညီတဲ့ စရိုက်တွေနဲ့ အတူတွဲနေတတ်ကြသူ အချင်းချင်း တစ်ခါတလေ ကိုယ့်ဝါသနာ သူ့ဝါသနာမှာ အတူပါလာအောင် ပြောဆိုကြ၊ အဖော်ဆွယ်တတ်ကြပါတယ်။ သူတို့နှစ်ယောက်လည်း ဒီလိုပါပဲ။ 

အီးနိုင်း လုပ်သားများ သိရှိထားရန် အချက်များအား ပြန်လည်မျှဝေခြင်း

EPS စနစ်အရ ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိသော နိုင်ငံခြားသား လုပ်သားများ အနက် အလုပ်လုပ်ကိုင်ခွင့် သဘောတူ ထားသည့် ကာလ အနည်းဆုံး(၄)နှစ် (၁ဝ)လ ရှိပြီး ၊ အလုပ်ဋ္ဌာနပြောင်းလဲခြင်း မရှိသည့် လုပ်သားများ အတွက် ကိုရီးယား သမ္မတနိုင်ငံသို့ အလုပ်ပြန်လည် ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့်အရေးတစ်ရပ်ကို ၂ဝ၁၂ခုနှစ် ဇူလိုင်လ (၂)ရက်နေ့မှ စ၍ သတ်မှတ်ဆောင်ရွက်လျှက် ရှိပါသည်။